ပျက်အစဉ်ပြင်ခဏ ဆိုပေမယ့်
ပြင်မရတာတွေကအများသား
အမှားများမကြုံခင်ပြင်ရအောင်
သင်ပြတဲ့ မြတ်ဆရာ...
အလှတွင်အယဉ်ဆင့် ဆိုပေမယ့်
အရမ်းပြင် အယဉ်ပျက်တာလည်းခဏခဏ
သံသရာအစဉ်လှရအောင်
သင်ပြတဲ့ မြတ်ဆရာ...
ပြင်တတ်မှလှ ကြင်တတ်မှရ ဆိုပေမယ့်
ပေးကားပေး၏ မရခဲ့တာလည်း အကြိမ်ကြိမ်
အချိန်မီချုပ် အစုတ်သက်သာရအောင်
အထုပ်ထုပ်ပေးတဲ့ မြတ်ဆရာ...
အာစရိယဂုဏော အနန္တော ဆိုပေမယ့်
အသိခေါက်ခက် အ၀င်နက်ခဲ့တာလည်း အခါခါ
သံသရာအပြစ်မသင့်ရလေအောင်
အခါခါခွင့်လွှတ်တဲ့ မြတ်ဆရာ...
(17.11.2007)
No comments:
Post a Comment