မတော်တဆ ချော်ကာကျလည်း
ဖွင့်ဟမိပြန် အမေ့ ဆိုတဲ့ ထိုအသံ…
မမြင်သစ်ငုတ် ခလုတ်တိုက်လည်း
ဆိုလိုက်မိပြန် အမေ့ ဆိုတဲ့ ထိုအသံ…
ဝါး ကနဲ ခြောက် မြှောက် ကနဲ ပင့်
ချီမ လင့်လည်း ဖွင့်အံမိပြန်
အမေ့ ဆိုတဲ့ ထိုအသံ…
ထစ် ကနဲ ချုန်း အုန်း ကနဲ ညံ
ကြားရသံလည်း ရွတ်အံမိပြန်
အမေ့ ဆိုတဲ့ ထိုအသံ…
အမေ့ ပုံရိပ် အမေ့ စိတ်တွေ
မသိစိတ်တွင်း သိစိတ်ရင်းမှာ
အထင်းသားယှက် လျှပ်စီးလက်သို့
ရက်ဆက်နေ့စဉ် အသက်ဝင်၏…
သြော် … ငယ်စဉ်တောင်ကျေး ကလေးဘဝ
ဖြစ်စဉ်ကလို အမေ့ရင်ခွင်
ပြေးဝင်ချင်လည်း ဝေးနေဆဲမို့
စို့စို့ မျက်ရည် ကျမိ၏…
တို့တို့ မျက်ရည် သုတ်မိ၏…
Ven - စိတ္တ ( 22 . 10 . 96 )
ဖွင့်ဟမိပြန် အမေ့ ဆိုတဲ့ ထိုအသံ…
မမြင်သစ်ငုတ် ခလုတ်တိုက်လည်း
ဆိုလိုက်မိပြန် အမေ့ ဆိုတဲ့ ထိုအသံ…
ဝါး ကနဲ ခြောက် မြှောက် ကနဲ ပင့်
ချီမ လင့်လည်း ဖွင့်အံမိပြန်
အမေ့ ဆိုတဲ့ ထိုအသံ…
ထစ် ကနဲ ချုန်း အုန်း ကနဲ ညံ
ကြားရသံလည်း ရွတ်အံမိပြန်
အမေ့ ဆိုတဲ့ ထိုအသံ…
အမေ့ ပုံရိပ် အမေ့ စိတ်တွေ
မသိစိတ်တွင်း သိစိတ်ရင်းမှာ
အထင်းသားယှက် လျှပ်စီးလက်သို့
ရက်ဆက်နေ့စဉ် အသက်ဝင်၏…
သြော် … ငယ်စဉ်တောင်ကျေး ကလေးဘဝ
ဖြစ်စဉ်ကလို အမေ့ရင်ခွင်
ပြေးဝင်ချင်လည်း ဝေးနေဆဲမို့
စို့စို့ မျက်ရည် ကျမိ၏…
တို့တို့ မျက်ရည် သုတ်မိ၏…
Ven - စိတ္တ ( 22 . 10 . 96 )
No comments:
Post a Comment