နေကလည်းပူ ကုလားကလည်းဆူ
မိုးကလည်းမရွာ ကုလားကလည်းကြာ
ရေကလည်းမလာ ကုလားကလည်းညာ
မီးကလည်းပျက် ကုလားကလည်းခက်နဲ့
စိတ်ပျက်လက်ပျက် အအိပ်ပျက် အစားပျက်
အသက်ဆက်နေရတဲ့ မဂဓကျောင်းသား .....
စက်ဘီးစီးအရင်သင်
ဒီလိုဝင် ဒီလိုထွက် ဒီလိုပြော ဒီလိုဆို
ဒီလိုအော် ဒီလိုဟစ် ဒီလိုဆစ် ဒီလိုဝယ်
ဒီလိုကြော် ဒီလိုချက် ဒီလိုဖြစ် ဒီလိုရှင်း
အချင်းချင်းပို့ချတဲ့ မဟာအဋ္ဌာရသတွေနဲ့
ဘ၀ကို စ ရ တဲ့ မဂဓကျောင်းသား .....
အနိစ္စ အနတ္တလည်းမြင် ဒုက္ခသစ္စာလည်းသိ
သတိတရားလက်ကိုင်ထား ခန္တီ မေတ္တာ များများပွားကာ
ဗောဓိပင်အောက်သွားသွားပြီး အနေကဇာလည်းတင်
ပဋ္ဌာန်းတွေလည်းရွတ် ညောင်ရွက်တွေလည်းကောက်
စက်ဘီးပျောက်မှာကလည်းစိုးနဲ့ တရားလည်းရ
တရားလည်းကျပါတဲ့ မဂဓကျောင်းသား......
အမေ့လည်းလွမ်း အဖေ့လည်းလွမ်း
ဆရာလည်းလွမ်း ရွာလည်းလွမ်း
ကွမ်းယာလည်းလွမ်း လက်ဖက်လည်းလွမ်း
အသိလည်းလွမ်း ငါးပိလည်းလွမ်း
ငါးခြောက်လည်းလွမ်း ပုဇွန်ခြောက်လည်းလွမ်း
တလွမ်းတည်းလွမ်းနေရတဲ့ မဂဓကျောင်းသား .....
တစ်ပတ်ခြောက်ရက် အသီးအရွက်နဲ့
တစ်ပတ်တစ်ရက် အသားတစ်ခွက်နဲ့
မငတ်ခြောက်လ ငတ်ခြောက်လနဲ့
မနက်ဆိုကျောင်းတက်လိုက် ညဆိုသင်တန်းတက်လိုက်
ဟမ်းဖုန်းလေးဆက်လိုက် အင်တာနက်လေးချက်လိုက်
စာလေးကျက်လိုက်နဲ့ မြန်မာပြည်ပြန်မယ့်ရက်
လက်ချိုးရေတွက်နေရတဲ့ မဂဓကျောင်းသား ......
Ven - စိတ္တ ( 10 . 6 . 2010 )
No comments:
Post a Comment